Friday, September 2, 2016

OPPO Color Os

Color OS နှင့် Android တူလား  ColorOS ဆိုတာဟာ OPPO ရဲ့မူပိုင် OS ဖြစ်ပြီး Android OS အပေါ်တွင်အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။ Color OS မှာဆိုရင် 1.Gesture and Motion, 2. Live Weather, 3.Security (eg app encryption, guest mode, data saving) အစရှိတဲ့ Function များကို Android ကဲ့သို့ app သီးသန့်သွင်းစရာမလိုအပ်ပဲ တခါတည်း Build In ပါဝင်ပြီးသားဖြစ်ပါတယ်။ နောက်တခုက Android မှာသုံးတဲ့ App အားလုံးကို Color OS မှာသုံးလို့ရပါတယ်။   
System Updates လုပ်ပြီးတာကို ဘယ်လိုသိနိုင်မလဲ  System Updates လုပ်ပြီးပါက Restart တစ်ခါကျပြီး သူ့ဘာသာသူပြန်တက်လာပါလိမ့်မယ် ၁၅ မိနစ်လောက်စောင့်ကြည့်လိုက်ပါ။   

ဖုန်းပျောက်သွားတယ် O-Cloud နဲ့ရှာလို့ရလား  
O-Cloud ကတော့ ကိုယ့်ရဲ့ Mail အကောင့်နဲ့ဝင်ယူရတာဖြစ်ပြီး အရေးကြီးတဲ့ မက်ဆေ့တွေ၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေနဲ့ ဓါတ်ပုံတချို့ကိုသိမ်းဖို့ 5 GB ရှိပြီး O-Cloud ထဲဝင်ထားပြီး ဖုန်းပျောက်ပြန်ရှာလို့ ရပါတယ်။  Ofans အနေနဲ့ ဖုန်းမပျောက်ခင်က O-Cloud မှ Find Phone ကို Open လုပ်ထားရင်တော့ ဖုန်းပျောက်ပြန်ရှာလို့ရပါတယ်။
ဒါပေမယ့် ဖုန်းတွေ့ရှိထားတဲ့တစ်ဖက်သူက အင်တာနက်လိုင်းဖွင့်ထားမှသာ ဖုန်းပျောက်ကို ပြန်လည်ရှာဖွေလို့ရတာဖြစ်ပါတယ်။
အင်တာနက်လိုင်းဖွင့်မထားရင်တော့ ရှာဖွေလို့မရနိုင်ပါဘူး။ ဖုန်း ( သို့မဟုတ် ) Computer ကနေဖြစ်ဖြစ် Browser တစ်ခုခုကိုဝင်ပြီး findphone.oppo.com ကိုရိုက်လိုက်ရင် Box လေးကျလာပါမယ်။ အဲ့ကျရင် ကိုယ်ထည့်ထားတဲ့ Name နဲ့ Password ရိုက်ထည့်လိုက်ရင် ကိုယ့်ဖုန်းနဲ့ပတ်သတ်တာတွေ ကျလာပါလိမ့်မယ်။  ဟုတ်ကဲ့ O- Cloud account ကတော့ ကိုယ့်ရဲ့ Gmail accountနဲ့ဖွင့်ရတာဖြစ်ပါတယ်။
ပထမဆုံး စဖွင့်မယ်ဆိုရင် Register ထဲမှာ အချက်အလက်တွေကို အကုန်ဖြည့်ပေးပါ။ ( အမည်ပေးရာမှာလည်း ပုံမှန်ထက်အနည်းငယ် ထူးခြားတဲ့နာမည်မျိုးလေး ပေးရင် ပိုအဆင်ပြေနိုင်ပါတယ်။ ) ထို့နောက် ကိုယ်ဖြည့်ထားတဲ့ Email ထဲကို email တစ်ခု( link) ဝင်လာပါမယ်။ ထို link လေးကို တစ်ချက်နိပ်ပေးလိုက်ရင်ရပါပြီ။  အကယ်၍ ColorOS 2.0 နဲ့အထက်ဆိုရင် Find phone မပါဝင်တော့ပါဘူး။ Android device manager လို Application မှတစ်ဆင့် Gmail account ရိုက်ထည့်ပြီးရှာရမှာဖြစ်ပါတယ်။
ဖုန်း Battery percentage ပေါ်အောင်ဘယ်လိုလုပ်ရမလဲ 
Setting > Display > Battery percentage ကို ON ပေးလိုက်ပါ။

R5 က OTG ဘယ်လိုချိတ်ရတာလဲ 
OPPO R5 က OTG ကြိုးနဲ့ချိတ်ဆက်လိုက်ပါက Notification ဘားတန်းလေးမှာ notification ပေါ်လာပါမယ်။ အဲ့လိုပေါ်လာရင် OTG ကို ရွေးလိုက်ပါ။ အကယ်၍ ပေါ်မလာပါက နီးစပ်ရာ OPPO Service မှာ System Update လုပ်ကြည့်လိုက်ပါ။

Remote Control Function ဘယ်လိုသုံးရမလဲ
Remote Control Function ကိုအသုံးပြုရန်အတွက် Remote Control > ညာဘက်ပေါ်က (+) ကိုနှိပ် > Device မှာ အသုံးပြုမဲ့ အမျိုးအစားကိုရွေးပါ (TV, Aircon, DVD, Projector, STB ) ပြီးရင်တော့ Search for brand မှာ အသုံးပြုမဲ့ အမျိုးအစားကိုရွေးချယ်ပြီး အသုံးပြုနိုင်ပါတယ်။ ( ဖုန်းစတင်အသုံးပြုဖို့ ဖွင့်ဖွင့်ချင်းမှာပဲ Lock Screen ကိုတန်းဖွင့်စရာမလိုဘဲ ညာဘက်ကိုလက်လေးနဲ့တွန်းရွေ့လိုက်ရုံနဲ့ Remote control function ကိုပြန်လည်အသုံးပြုနိုင်မှာဖြစ်လို့ )

OPPO ဖုန်းတွေမှာ Unicode Font ပါလား
Unicode Font တော့ မပါရှိပါဘူး။ Unicode Font ထည့်လို့ရပါတယ်။ ဒါပေမဲ့ OPPO ဖုန်းတွေက မြန်မာစာစနစ်ကို ဇော်ဂျီဖောင့်နဲ့ သုံးတာဖြစ်လို့ Unicode font ထည့်လိုက်ပါက ဖုန်းထဲမှာရှိတဲ့ မြန်မာစာစနစ်တစ်ခုလုံး အမှန်မထွက်လာဘဲဖြစ်လာပါလိမ့်မယ်။ Unicode font only သုံးလို့ ရပေမယ့် System ပိုင်း Font တွေတော့ ကြည့်လို့မရနိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ system ပိုင်းက Zawgyi font သုံးထားလို့ ဖြစ်လို့ပါ။ Contact, Message တွေနဲ့ဖုန်းမှာ ပါတဲ့အခြားမြန်မာစာစနစ်အကုန်သုံးမရဖြစ်ပြီး Online ပေါ်မှ Unicode font နဲ့စာတွေကိုသာ ကြည့်လို့ရမှာဖြစ်ပါတယ်။ အကယ်၍ အသုံးပြုလိုပါက playstore မှ ရှာပြီး Download ဆွဲ Install လုပ်ပြီး အသုံးပြုလို့လည်းရပါတယ်။ 

Unicode font ဖြစ်နေတဲ့စာတွေဖတ်လိုရင် ဟုတ်ကဲ့ google play store မှနေ zawgyi to Unicode , Unicode to zawgyi changer ဆိုတဲ့ application ကို download ဆွဲပြီး install လုပ်ပြီး သုံးကြည့်ဖို့ အကြံပြုလိုပါတယ်။

O-Cloud
O-Cloud ကတော့ ကိုယ့်ရဲ့ Mail အကောင့်နဲ့ဝင်ယူရတာဖြစ်ပြီး အရေးကြီးတဲ့ မက်ဆေ့တွေ၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေနဲ့ ဓါတ်ပုံတချို့ကိုသိမ်းဖို့ 5 GB ရှိပြီး O-Cloud ထဲဝင်ထားပြီး ဖုန်းပျောက်သွားတယ်ဆိုရင်တော့ ဖုန်းပျောက်ပြန်ရှာလို့ရပါတယ်။ ဒါပေမယ့် ဖုန်းခိုးယူထားတဲ့တစ်ဖက်သူက အင်တာနက်လိုင်းဖွင့်ထားမှသာ ဖုန်းပျောက်ကို ပြန်လည်ရှာဖွေလို့ရတာဖြစ်ပါတယ်။ အင်တာနက်လိုင်းဖွင့်မထားရင်တော့ ရှာဖွေလို့မရပါဘူး။

Mirror 5, R7 Lite ဘာလို့ Guest Mode မပါရှိတာလဲ။ 
OPPO Mirror 5, R7 Lite , R7 Plus, Neo 7 မှာ Color OS Version 2.1 ဖြစ်တဲ့အတွက် Guest Mode မပါရှိတော့ပါဘူး။  OPPO Mirror 3 လိုင်းပျောက်ရင် ဟုတ်ကဲ့ OPPO Mirror 3 က ကဒ်တစ်ကဒ်ကို အင်တာနက်ဖွင့်လိုက်ချိန်မှာ ကျန်တစ်ကဒ်က 2Gအလိုလျောက်ပြောင်းသွားပါတယ်Ooredoo ကဒ်သည် 3G only Support ဖြစ်သောကြောင့် တခြား MPT, Telenor ဖွင့်ချန်တွင် Ooredoo က Netowrk လိုင်းပျောက်သွားခြင်းဖြစ်ပါတယ်။MPT သိုမဟုတ် Tenleor ကဒ်များကတော့ 3G only မဟုတ်တဲ့အတွက် အဆင်ပြေမှာဖြစ်ပါတယ်။

Camera Function တွေက အကုန်တူလား 
Color OS Version ပေါ်မူတည်ပြီး Camera Function တွေကတော့ မတူညီပါဘူး။ တချို့ Function တွေကတော့ ( ဥပမာ - ဟုတ်ကဲ့ Camera > Audio Photo Mode ကို ရွေး >ဓာတ်ပုံရိုက်ပြီး Press the record button ကိုတစ်ချက်နိပ်ပြီး အသံ 10 Second ဖမ်း နိုင်ပါတယ်။) OPPO Myanmar Facebook Page ထဲမှာဖော်ပြပေးထားတာဖြစ်လို့ OPPO Myanmar Facebook Page မှာလည်း ဝင်ရောက်လေ့လာကြည့်ရှုစေလိုပါတယ်။

Color OS နှင့် Android တူလား
ColorOS ဆိုတာဟာ OPPO ရဲ့မူပိုင် OS ဖြစ်ပြီး Android OS အပေါ်တွင်အခြေခံတည်ဆောက်ထားတာဖြစ်ပါတယ်။ Color OS မှာဆိုရင် 1.Gesture and Motion, 2. Live Weather, 3.Security (eg app encryption, guest mode, data saving) အစရှိတဲ့ Function များကို Android ကဲ့သို့ app သီးသန့်သွင်းစရာမလိုအပ်ပဲ တခါတည်း Build In ပါဝင်ပြီးသားဖြစ်ပါတယ်။ နောက်တခုက Android မှာသုံးတဲ့ App အားလုံးကို Color OS မှာသုံးလို့ရပါတယ်။ 
Application တွေ Lock ခတ်ချင်ရင်
Seucrity Center> App Encryption ထဲမှာ ကိုယ် Lock ခတ်လိုတဲ့ Apk ကို ရွေးပြီး Lock ခတ်လို့ရနိုင်ပါတယ်။ ( Security center > privacy permissions > App Encryption > On> Encrypt apps > Encrypt applications ထဲမှာ Application ကိုရွေးပြီး On ပေးလိုက်ရင် ရပါပြီ။)

Home Screen Size အသေးဖြစ်အောင်လုပ်လိုရင် (or) Single Hand Operation
ဖုန်းရဲ့ အောက်ခြေထောင့်နားလေးကနေ အပေါ်ဘက်ကိုဆွဲတင်လိုက်ပါ။ Setting > Gesture & Motion > Screen-on gestures > Single-handed Operation ကို ON ထားဖို့တော့လိုအပ်ပါတယ်။ လုပ်လို့ရတဲ့ဖုန်းအမျိုးအစားတွေက R5, R7 Lite, Mirror 5 (Android 5.0 အထက်မှရမှာ ) 

OPPO ဖုန်း ဟုတ်မဟုတ် ဘယ်လိုကြည့်ရမလဲ
ဖုန်းရဲ့နောက်ကျောဘက်မှာ OPPO Logo တံဆိပ်ပါရှိပါတယ်။ နောက်တစ်ခုက Setting > About Phone ထဲမှာလည်း Model အမျိုးအစား စစ်ဆေးကြည့်လို့ရပါတယ်။ (OPPO ဖုန်းမှာက Model နေရာမှာ နာမည်မထည့်ဘူး )

အင်တာနက်အသုံးမပြုလိုတဲ့ Apk တွေကို ဘယ်လိုပိတ်ရမလဲ
Security Center > Data Saving > Add apps မှာ Ofans အသုံးမပြုလိုတဲ့ Application တွေကို ထည့်သွင်းထားလိုက်ပါ။ 

2012 Football Game က Install လုပ်လို့မရဘူး
2012 Football Game က သီးသန့် Install တင်ရင်နှိပ်လို့မရပါဘူး။ Data ထဲပြန်ထည့်ရပါတယ်။ File > Android > data ဆိုတဲ့ folder ထဲမှာထည့်ပြီးမှ install လုပ်ထားတာကို ဖွင့်လိုက်ပါ။

ဖုန်းလာရင် မီးမလင်းဘူး  
ဖုန်းလာရင်မီးလင်းတဲ့ Flash မီးအတွက်ဆိုရင် အရင်ဆုံး Flash Alert Software ကို Install ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ ထို့နောက် Settings > More> Accessibility > လက်ရှိအသုံးပြုတဲ့ Flash Alert Software ကို အမှန်ခြစ် (or) ON ပေးလိုက်ပါ။ ထို့နောက် Flash Alert Application ကိုအရင်ဖွင့်ပြီးရင် ညာဘက်အပေါ်ထောင့်ကနေဆွဲချပြီး Setting ထဲဝင်ပါ။ ပြီးရင် Application Management ထဲကိုဝင်ပြီး Lock ခတ်ထားပေးလိုက်ပါ။ ဓါတ်မီးထွန်းတဲ့ Flash မီးအတွက်ဆိုရင်တော့ Notification ဘားတန်းကိုဆွဲချပြီး Flash Light ကို ဖွင့်လိုက်ရင် ရပါပြီ။   Security center > Privacy permissions > App permission management > Manage by app > Flash Light software ကို I trust this application ဆိုပြီး On ပေးလိုက်ပါ။

O-Click    
O-Click ဆိုတာ လှည့်လို့ရတဲ့ Camera တွေနဲ့တွဲဖက်အသုံးပြုရတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။ 

Home Screen က ၀ါးနေရင် ( သို့မဟုတ် ) Blur Effect
Setting > Display > Wallpaper and lock screen > Double Tap Blur Effect ကိုOn ပြီး Home Screen ရဲ့လွတ်နေတဲ့ နေရာလေးကို Double Touch လုပ်ပေးပါ။ 

အင်တာနက်ဖွင့်တိုင်း အော်တိုဒေါင်းလော့ဆွဲနေရင် 
Google Play Store> Settings> Auto-update apps က Do not auto-update apps ရွေးချယ်ပေးလိုက်ပါ။  

Key board မှာ စာလုံးဆင့်တွေမပေါ်ဘူး
Settings > Language and input > Default သို့မဟုတ် Frozen Keyboard ကိုရွေးပြီး ရိုက်လို့ရပါတယ်ရှင်။ အကယ်၍ Bagan Keyboard မှာဆိုရင်လည်း စာလုံးဆင့်တွေရေးဖို့ ကမ္ဘာလုံးပုံလေးဘေးမှာရှိတဲ့ သင်္ကေတလေးကိုအသုံးပြုပြီး စာလုံးဆင့်တွေရေးလို့ရပါတယ်။

Power ခလုတ်ဖွင့်မဖွင့်ဘဲ screen ပွင့်လိုရင်
Settings > Gesture & motion > Screen off gestures ကို ON ပေးလိုက်ပါက Screen off အခြေအနေမျိုးမှာ Power ခလုတ်နှိပ်ရန်မလိုဘဲ ဖုန်းမျက်နှာပြင်ကို နှစ်ချက်တောက်ပေးလိုက်ရင် Screen ပြန်ပွင့်လာပါတယ်။

မြန်မာအလှဖောင့်သုံးချင်ရင်
Ofans အသုံးပြုလိုတဲ့ font ကို Settings > Display > Font မှ Online fonts မှာ Download ဆွဲ Install လုပ်ပြီးရင် Settings > Display > Font > Font type မှာရွေးပြီးသုံးလို့ရပါတယ်။

You Tube ကနေ Video တွေ Download ဆွဲလိုရင် 
You Tube Downloader နဲ့ အသုံးပြုကြည့်ဖို့ အကြံပြုလိုပါတယ်ရှင်။ Mobogenie ကတော့ Application တွေ Download လုပ်တဲ့အရာဖြစ်လို့ Video တွေ Download ဆွဲလို့မရနိုင်ပါဘူးရှင်။ 

တစ်နှစ်အာမခံဆိုတာကဘာလဲ
တစ်နှစ်အာမခံဆိုတာကို အရင်ရှင်းပြလိုပါတယ်။ တစ်နှစ်အာမခံဆိုတာကတော့ လူမှုခြင်းကြောင့် ( user fault ) မဟုတ်ဘဲ ကုန်ပစ္စည်း Error တက်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ နောက်တစ်ခုက အသစ်ပြန်လည်လဲလှယ်ပေးတာကတော့ ၇ ရက်အတွင်း ကုန်ပစ္စည်း Error တက်ခြင်းမျိုးအတွက် Warranty ပေးတာဖြစ်ပါတယ်။ အခြားသောAccessories (Earphone, UBSကြိုး, Battery) စသည်ဖြင့်ပစ္စည်းများအားအာမခံ၆လ ဖြစ်ပါတယ်။ အကယ်၍ လူမှုခြင်းကြောင့်ဖြစ်သည့်ကိစ္စမျိုးတွင် Accessories လဲရန် လိုအပ်ပါက Accessories တန်ဖိုးကိုသာ ကောက်ခံမည်ဖြစ်ပြီး တခြားသောဝန်ဆောင်ခများကို ထပ်မံကောက်ခံခြင်းမရှိတော့သည့်အတွက်ကြောင့် Ofans အနေဖြင့် နားလည်ပေးရန် ပန်ကြားအပ်ပါတယ်။

Audio Photo Mode 
Camera > Audio Photo Mode ကို ရွေး >ဓာတ်ပုံရိုက်ပြီး Press the record button ကိုတစ်ချက်နိပ်ပြီး အသံ 10 Second ဖမ်း နိုင်ပါတယ်။

System Updates လုပ်ပြီးတာကို ဘယ်လိုသိနိုင်မလဲ
System Updates လုပ်ပြီးပါက Restart တစ်ခါကျပြီး သူ့ဘာသာသူပြန်တက်လာပါလိမ့်မယ် ၁၅ မိနစ်လောက်စောင့်ကြည့်လိုက်ပါ။

Screen Shot ရိုက်ရန် 
ဟုတ်ကဲ့ Screen shot ရိုက်လိုပါက ဖုန်းမျက်နှာပြင်ပေါ်တွင် လက်သုံးချောင်းဖြင့် အောက်ကိုဆွဲချလိုက်ရင်ရပါတယ်။ Settings > Gesture & motion > Screen-on gesture > Gesture screenshot ကို ON ထားဖို့တော့ လိုအပ်ပါတယ်။ နောက်တစ်နည်းကတော့ ဖုန်းရဲ့ Power Key နဲ့ Volume down (-) Key ကို ဖိနှိပ်ပေးလို့လည်း ရပါတယ်။  

Accessories ဈေးကြီးတယ်ဆိုရင် ဟုတ်ကဲ့ ဖုန်း Product ဟာ High Precision လျှပ်စစ်ထုတ်ကုန်ဖြစ်သည့်အတွက် OPPO Service တွင်သာ ပြန်လည်ပြသဖို့ အကြံပြုလိုပါတယ်။ OPPO Service မှ အသုံးပြုသော Accessories အားလုံးသည် မူရင်းရုံးချုပ်စက်ရုံမှ ပစ္စည်းများဖြစ်ပြီး အရည်အသွေးပိုင်းကို စနစ်ကျကျစမ်းသပ်စစ်ဆေးပြီးဖြစ်သောကြောင့် နောက်ပိုင်းတွင် အသုံးပြုရန်အတွက် အကောင်းဆုံးလုံခြုံရေးပိုင်းဆိုင်ရာ အာမခံချက်ပေးနိုင်မည်ဖြစ်ပါသည်။ နောက်ပိုင်းတွင် လူမှုခြင်းကြောင့်ဖြစ်သော Error များမှလွဲ၍ OPPO Service မှ Ofans အား ရက် ၉၀ အတွင်း အခမဲ့ပြုပြင်ပေးသည့်ဝန်ဆောင်မှုကိုလည်း ပေးသွားဦးမှာဖြစ်ပါတယ်။

ဘယ်နိုင်ငံထုတ်လဲ 
OPPO ဖုန်းဟာ USA အခြေစိုက် Silicon Valley ရှိ Cynogenmod နည်းပညာအဖွဲ့မှ OPPO အတွက်သီးသန့် Android ပေါ်အခြေခံပြီးရေးသားထားတဲ့ Color OS Version နည်းပညာနဲ့အတူ China မှာတပ်ဆင်ခြင်း ( Assemble in China ) ဖြစ်ပါတယ်။  

Home Screen မှာ Icon လေးတွေ
OPPO ဖုန်းဟာ USA အခြေစိုက် Silicon Valley ရှိ Cynogenmod နည်းပညာအဖွဲ့မှ OPPO အတွက်သီးသန့် Android ပေါ်အခြေခံပြီးရေးသားထားတဲ့ Color OS Version နည်းပညာနဲ့အတူ China မှာတပ်ဆင်ခြင်း ( Assemble in China ) ဖြစ်ပါတယ်။ လှုပ်ရမ်းလိုက်ရုံနဲ့ စီရီလိုရင် ဟုတ်ကဲ့ ဖုန်းမျက်နှာပြင်ပေါ်ရှိ Icon ပုံလေးတစ်ခုခုကို တစ်ချက်ဖိနှိပ်လိုက်ပါက တုန်သွားပြီးအမှား(×)ပုံလေးပေါ်လာပါက လှုပ်ရမ်းလိုက်ရုံဖြင့် Icon လေးတွေက စီရီပြီးသားဖြစ်သွားပါလိမ့်မယ်ရှင်။

( Color OS 2.0 မှစပြီးပါ ) 3G ရလား
Dual SIM တွင် SIM 1 ကို 3G ထားသုံးပါက SIM 2 က 3G မရနိုင်သလို SIM 2 ကို 3G ထားသုံးပါက SIM 1 က 3G မရနိုင်ပါဘူး။ ကြိုက်နှစ်သက်ရာ SIM ကိုတော့ 3G ထားလို့ရပါတယ်။

R7 Plus ရဲ့ Fingerprint 
R7 Plus ရဲ့ Finger print system ကိုအသုံးပြုရန် Setting > Fingerprint and lockscreen > On ပြီး > Add a fingerprint > လက်ချောင်းတစ်ခုကိုနှိပ် > နောက်ထပ် အဲ့လက်ချောင်းကိုပဲပြန်ရွေး > လက်ရာပြည့်သွားတဲ့အချိန်ထိလုပ် > ပြီးရင် Lock ဖွင့်ရွေးရမယ် ကြိုက်နှစ်သက်ရာကိုရွေး > ပြည့်သွားရင် Ok သွားပြီ 

Root ဖောက်ထားရင် System updates လုပ်လို့ရလား
Ofans ရဲ့ဖုန်းက Root ဖောက်ထားတဲ့အတွက် Online မှကိုယ်တိုင် Internet / wifi နဲ့ System Updates လုပ်ပါက Fail ဖြစ်နိုင်လို့ နီးစပ်ရာ OPPO Service ကိုညွှန်လိုက်ရတာဖြစ်ပါတယ်။

Wallpaper လိုပုံမျိုးတွေ 
Android ဖုန်းအားလုံး Lock Screen Wallpaper, ဖုန်း Wallpaper, နှင့် Contact များကိုသာ ပုံထည့်အသုံးပြုနိုင်တာဖြစ်ပါတယ်။

E-Warranty Card ဆိုတာဘာလဲ
မှတ်ပုံတင်ရမည်ကိုနှိပ်လိုက်ပါရှင်။ E-Warranty Card ဆိုတာ Online ပေါ်မှာ အာမခံကဒ်ကို စာရင်းသွင်းတဲ့ပုံစံမျိုးပါ။ Warranty Card တွေနဲ့ချိတ်ဆက်ပြီး Register လုပ်ထားရင် အကယ်၍ Card ပျောက်သွားရင် ပြန်ရှာလို့ရတာမျိုးဖြစ်ပါတယ်။ 

Data Monitor မှာ အနီတွေပဲပြနေရင်
Data Monitor က Ofans ရဲ့ Data အသုံးပြုမဲ့နှုန်းကို Ofans သတ်မှတ်ထားတာထက်ကျော်လွန်နေတာကို သတိပေးတာဖြစ်ပါတယ်။ Data monitor > Settings ထဲမှာ Data အသုံးပြုမဲ့နှုန်းကို တိုးမြှင့်သတ်မှတ်ကြည့်လိုက်ပါ။

Note book ပါလား
OPPO Mirror 5 မှာ Color OS Version 2.1 ဖြစ်သွားတဲ့အတွက်ကြောင့် Note book အစား Keep ဆိုတဲ့ Application ပါရှိတာဖြစ်ပါတယ်။ ( Color OS 2.0 နဲ့အထက်ဆိုရင် ) ဟုတ်ကဲ့ Gmail Account နဲ့ ဝင်ရတာဖြစ်ပါတယ်။ Gmail Account နဲ့ချိတ်ဆက်တဲ့တစ်ကြိမ်သာ အင်တာနက် လိုအပ်တာဖြစ်ပါတယ်။ Gmail account နဲ့ ချိတ်ဆက်ပြီးနောက် Note မှတ်တဲ့အချိန်တွေမှာ အင်တာနက် မလိုအပ်တော့ပါဘူး။

Floating Windows Management = Multi-windows Windows နှစ်ခုသုံးတာမျိုးပါ။ ( ဥပမာ Video ကြည့်ရင်း Fb သုံးတာမျိုး ) Security Center > Privacy permissions > Floating windows management ဥပမာ Video ကြည့်ရင်း Fb သုံးလိုပါက Video ရဲ့ညာဘက်အပေါ်နားလေးက Windows နှစ်ထပ်ပုံလေးကိုရွေးပြီး နောက်အသုံးပြုလိုတဲ့ တစ်ခုကိုဖွင့်လို့ရပါတယ်။

  OPPO Power Bank ရောင်းလား
OPPO ကုမ္ပဏီမှ OPPO Logo တံဆိပ်ပါရှိသော Power Bank များကို ( အစောပိုင်းတွင်သာ VOOC Power Bank များကိုသာ ရောင်းချခြင်းရှိခဲ့ပြီး လက်ရှိတွင်ရောင်းချခြင်းမရှိတော့ပါ။ ) အခုလက်ရှိအချိန်ထိတော့ သီးသန့်ရောင်းချခြင်းမျိုး မရှိပါဘူး။

  စာရွက်စာတမ်းပျောက်နေရင်ရော Service မှာ ပြလို့ရမလား
စာရွက်စာတမ်းပျောက်ခဲ့ပါကလည်း အကောင်းဆုံးကတော့ နီးစပ်ရာ OPPO Service မှာ သွားရောက်စစ်ဆေးကြည့်ဖို့ အကြံပြုလိုပါတယ်။ Software ပိုင်းဆိုင်ရာ ပြုပြုင်မှုများကိုတော့ အခမဲ့ပြုလုပ်ပေးပါတယ်။

Bluetooth နဲ့ Phone နဲ့ချိတ်လိုရင်
Ofans ရဲ့ဖုန်းက Bluetooth ကို ON ပြီး Scan ဖတ်လိုက်ရင် Ofans ဖုန်းနားမှာရှိတဲ့ Buletooth Device ရဲ့ နာမည်ပေါ်လာရင် နှိပ်ပြီးချိတ်ဆက်အသုံးပြုလို့ ရပါတယ်

Long Screen Shot ရိုက်လိုရင် စာမျက်နှာတစ်ခုမှာ screenshot အရှည်ကြီး ရိုက်ချင်တယ်ဆိုလျှင်တော့ ပါဝါခလုတ်နှင့် အသံချဲ့သည့်ခလုတ်ကို ဖိပြီးတွဲနှိပ်ထားလိုက်ရုံမျှဖြင့် screenshot အရှည်ကြီး (၈ ပုံ)ကို ရိုက်ကူးနိုင်မည်ဖြစ်ပါတယ်။

ဖုန်း Screen off လိုက်တာနဲ့ အင်တာနက်ပါပိတ်လိုရင်
Screen Off ပြီး နှစ်စက္ကန့် အကြာတွင် အင်တာနက် အော်တိုပိတ်လိုပါက Security Center > Data Monitor > Settings > Data usage notification > Disable data usage when screen is off ကို ON ပေးလိုက်ရင် ရပါပြီ။ 

Screen off အခြေအနေမှာ သီချင်းအသံအတိုးအလျော့လုပ်လိုရင်
Settings > Gesture & motion > Screen-on gestures > Adjust volume with two fingers ကို ON ပေးလိုက်ပါ။

Apk တွေ Uninstall လုပ်ပြီး file ထဲမှာ မတွေ့တော့ရင်
Play Store မှ Download ဆွဲထားတဲ့ Application တွေကတော့ Uninstall လုပ်လိုက်ရင် File ထဲမှာပြန်ရှာလို့မရနိုင်တော့ပါဘူး။ တခြားဖုန်းမှ ( ဥပမာ Zapya Application ) ကူးပြီး Backup ယူထားရင်တော့ File ထဲမှာ ပြန်ရှာလို့ရပါတယ်။

Data Monitor က အနီရောင်ပြနေရင်
Security > Data Monitor > Settings > Monthly data package မှာ Ofans သတ်မှတ်ထားတဲ့နှုန်း ကျော်လွန်နေလို့ Monthly data package မှာ Ofans အသုံးပြုမဲ့ Data နှုန်းကိုတိုးမြှင့်သတ်မှတ်ကြည့်လိုက်ပါ။

Credit - O-Fans Myanmar

No comments:

Post a Comment